Wednesday, August 15, 2012

မြတ်ဆရာ

မြတ်ဆရာ

“ ပျက်အစဉ် ပြင်ခဏ” ဆိုပေမယ့် ပြင်မရတာတွေက အများသား အမှားများမကြုံခင် ပြင်ရအောင် သင်ပြတဲ့ မြတ်ဆရာ…

အလှတွင် အယဉ်ဆင့် ” ဆိုပေမယ့် “ အရမ်းပြင် အယဉ်ပျက်” တာလည်း ခဏခဏ သံသရာ အစဉ်လှရအောင် သင်ပြတဲ့ မြတ်ဆရာ..

“ ဆင်တတ်မှ လှ ကြင်တတ်မှ ရ ” ဆိုပေမယ့် “ ပေးကားပေး၏ မရ ” ခဲ့တာလည်း အကြိမ်ကြိမ် “ အချိန်မီချုပ် အစုတ်သက်သာ ” ရအောင် အထုပ်ထုပ်ပေးတဲ့ မြတ်ဆရာ…

“ အာစရိယဂုဏော အနန္တော ” ဆိုပေမယ့် ” အသိခေါက်ခက် အ၀င်နက်” ခဲ့တာလည်း အခါခါ သံသရာ မပြစ်မသင့်ရလေအောင် အခါခါ ခွင့်လွှတ်တဲ့ မြတ်ဆရာ…

Tuesday, August 14, 2012

ထန်းရွတ်ကျောင်းလေး


ကျောင်းတော်လေးကိုကြည့်ရတာ ဟောင်းနွမ်းပေမဲ့ နောင်တချိန်မှာ ကြယ်ပွင့်များလို့ လင်းလက်လာမဲ့ အမျိုးကောင်းသား အမျိုးကောင်းမသီးများပေါ်စေရန် ရည်ရွယ်ချက်ကြီးမားမားနဲ့ မနားတန်းကြိုးစားအားထုတ်နေတဲ့ ဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများတို့သည်။ ဒီဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို စတင်ဖွင့်ခဲ့ကြပါသည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖွင့်တယ်ဆိုတာ ကလေးသူငယ်များ ကောင်းမွေတွေပေးနိုင်ဖို့ စနစ်တကျ
ပြင်ဆင်ခဲ့ ဆိုရင်ပိုမှန်မယ်ထင်တယ်။
ဒီလို ဘာသာရေးကောင်းမွေတွေ ပေးဖို့ အကောင်းဆုံးလုပ်ဆောင်ချက်ကတော့
တစ်နိုင်ငံလုံး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(Sunday School) ကျောင်းများဖွင့်လှစ် သင်ကြားပေးနိုင်ရင်ဘယ်ဘာသာကရဲ့ ခြစားချင်းကို မခံရဘူးလို့မြင်မိသည်။ ။ ငယ်ငယ်ကသိခဲ့တဲ့ အရာဝတ္ထုတစ်ခုနဲ့ အသက်ကြီးမှသိတဲ့အရာဝတ္ထုတစ်ခု ဘယ်ဟာက သင်၏ရင်ထဲမှာ ခိုင်မြဲနေတယ်ဆိုတာ သင်ကိုသင်ပြန်မေးစမ်းကြည့်စေချင်ပါသည်။


အိုးမဖုတ်ခင် အိုးလုပ်စယာဝယ်
အိုးတွင်နှိပ်ခပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထွေထွေသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီ ခတ်နှိပ်စေသတည်း။ ။
( အမရပူရ မဟာဂန္ဓာရုံဆရာတော်)

ရွှေဘိုမြို့ အမှတ်(၄) ဂန္ထာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို လာရောက်လည်ပတ်လေ့လာစေချင်ပါသည်။
"

Sunday, August 12, 2012

ဓါတ်ပုံ

စာသင်နေသောကျောင်းသားကျောင်းသူများ

ကျောင်းဆင်းချိန်ပုံလေး..

ချစ်မေမေသိစေချင်

အမှတ်(၄)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း လာခဲ့စေချင်သည်

အမှတ်(၄) ဘုန်းတော်ကြီးကျောင်းသည် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်ရုံရပ်၊ တွင် တည်ရှိပါသည်၊ အမှတ်(၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၂ -ခုနှစ် တွင် မတ်လ တွင် သာသနာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး သူငယ်တန်းမှ စတုတ္ထတန်း အထိ စတင်ဖွင့်လှစ်ခဲ့ ပါသည်၊။ စတင်ဖွင့်လှစ်သောနှစ်တွင် မူလတန်းမှအဆင့်သာ သင်ကြားနိုင်ခဲ့ပြီး သုံးနှစ်မြောက်သော အခါ မူလွန် တန်းကို စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။ ယခု အခါ သူငယ်တန်းမှသည် ဒဿမတန်းအထိ ၂၀၀၈/၂၀၀၉-ပညာသင်နှစ်မှ စတင်၍ သင်ကြားပေးနိုင်ခဲ့ပါသည်၊ ယခု ဆိုလျှင် ကျောင်းသား/ ကျောင်းသူပေါင်း ၃၅၀ ကျော်ခန့်ပညာသင်ကြားပေးနိုင်ခဲ့ပါပြီ၊ ဘုန်းတော်ကြီးသင်ပညာကျောင်းဆို သည့် အတိုင်း အကုန်အကျ သက်သာစေရန်နှင့် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာလာစေရန် ရည်ရွယ်၍ ကျောင်းသားဆိုရင် သာမဏေများဝတ်ပေးပြီး။ ကျောင်းသူ ဖြစ်ပါက သီလရှင်များ ၀တ်ပေးကာ ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္ဒ သီလာနန္ဒ ကိုယ်တိုင် ကြည့်ကြပ်၍ သင်ကြားပေးလျှက်ရှိပါသည်၊ သို့ဖြစ်ပါသောကြောင့် ပညာပါရမီ ဖြည့်ဆည်းလိုသူများ အမှတ်(၄) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိပါကြောင်း နှင့် မျိုးဆက်သစ် ကလေးငယ်များ အား လှိုက်လှဲစွာ ကြိုဆိုပါကြောင်း အသိပေးနိုးဆော်အပ်သည်၊။

ဆက်သွယ်ရန်… အမှတ်(၄)ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊

အမှတ်(၅)ရပ်ကွက်၊ ဆင်ရုံရပ်၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်း။

တိုက်အုပ်ဆရာတော်ဦးသီလာနန္ဒ၊ ဖုန်း 092054938